Main menu

အင်ဒိုနီးရှားသည် iphone 16 များနိုင်ငံ၏ ဈေးကွက်တွင်းသို့ ဝင်ရောက်ရန်အတွက် Apple ထံမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှုပ်နှံရန် တောင်းဆိုထား

Powered by Drupal

      အင်ဒိုနီးရှားအစိုးရသည် နောက်ဆုံးပေါ် ipnone 16 မော်ဒယ်အား အင်ဒိုနီးရှားနိုင်ငံအတွင်း၌ အရောင်းအဝယ်ခွင့်ပြုချက်ရရှိရန်အတွက် အမေရိကန်‌ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှုပ်နှံရန် အတွက် Apple ထံတွင် တောင်းဆိုထားကြောင်း ဝန်ကြီးတစ်ဦးမှ ၃.၁၂.၂၀၂၄ ရက်နေ့က ပြောကြားခဲ့သည်။ ရင်းနှီးမြုပ်နှံမှု ပထမအဆင့်အတွက် Apple နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးစီးခဲ့ကြောင်း၊ ပထမအဆင့်အတွက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံတောင်းခံထားကြောင်း အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Rosan Roeslani မှ ဂျကာတာတွင် ပြုလုပ်သော လွှတ်တော်ကြားနာမှု အတွင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် အင်ဒိုနီးရှား၏ စီးပွားရေးကို တွန်းအားပေး ကူညီရန်နှင့် ဒေသတွင်းစက်မှုလုပ်ငန်းများအတွက် ထပ်လောင်း တန်ဖိုးများ ဖန်တီးရန် Apple အား အလိုရှိသောကြောင့် ထိုရင်းနှီးမြှုပ်နှံမှုကို တောင်းဆိုရခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားဘက်မှ Apple အား ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ဖြစ်သော အင်ဒိုနီးရှားစက်မှုလုပ်ငန်းကဏ္ဍတွင် ပါဝင်စေချင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင်သာ ရင်းနှီးမြှုပ်နှံရန် အင်ဒိုနီးရှား နိုင်ငံတွင်သာ အလုပ်အကိုင်များဖန်တီးပေးချင်ကြောင်း Rosan Roeslani မှ ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏နည်းပညာကုမ္ပဏီအတွက် အလားအလာကောင်းများရှိနေသော်လည်း Apple ၏ နောက်ဆုံးပေါ် iphone 16 အား နိုင်ငံအတွင်း၌ ရောင်းချခွင့်မပြုထားသေးကြောင်း သိရသည်။ Apple သည် အင်ဒိုနီးရှားနိုင်ငံ၏ အနိမ့်ဆုံးဒေသဆိုင်ရာအကြောင်းအရာ လိုအပ်ချက်များနှင့်လည်း မကိုက်ညီကြောင်း ယခင်က သတင်းများ ထွက်ခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)