Main menu

တရုတ်သည် ကမ္ဘောဒီးယား၏ စွမ်းအင်ကဏ္ဍတွင် စိတ်ဝင်စားလျက်ရှိ

Powered by Drupal

      တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (CDC) မှ ထုတ်ပြန်ခဲ့သည်။ CDC ၏ ထုတ်ပြန်ချက်အရ အစည်းအဝေးတွင် ကမ္ဘောဒီးယားရှိ ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများနှင့် Zhejiang Energy Group (ZEG)  ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ချီရေးဆိုင်ရာကျွမ်းကျင်မှုများ၊ ကျောက်မီးသွေး၊ Solar နှင့် သဘာဝဓာတ်ငွေ့ (LNG) အသုံးပြုမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ Zhejiang Energy Group (ZEG) သည် Zhejiang ပြည်နယ်တွင် အကြီးဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်ကြောင်း၊ ကိုယ်စားလှယ်အဖွဲ့အားဦးစားပေးကဏ္ဍအချို့တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များ၊ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုမြင့်မားတိုးတက်မှုနှင့် နိုင်ငံအတွင်းအထူးစီးပွားရေး ဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးတိုကို ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ ဒုတိယအထွေထွေ အတွင်းရေးမှူး Suon Sopha ရှင်းလင်းတင်ပြခဲ့သည်။ ဆွေးနွေးပွဲတွင် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Yang Yaming  သည် ကမ္ဘောဒီးယားရှိ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ပတ်သက်သည့်သတင်းအချက်အလက်များအကြား တွေ့ဆုံရန် သဘောတူညီခဲ့ကြသည့် ဒုတိယ အထွေထွေအတွင်းရေးမှူးနှင့် အခြားတာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ Yang Yaming  သည် ZEG  ၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ အကျဉ်းချုံ ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားလျှပ်စစ်ကဏ္ဍတွင် ခေတ်မီရေစီးကြောင်းများကို မျှဝေကာ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားကြောင်း ထပ်မံပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သည် ၁၂ နှစ်အတွင်း ကမ္ဘောဒီးယားတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် အကြီးမားဆုံး နိုင်ငံဖြစ်ခဲ့ပြီး နိုင်ငံ၏အခြေခံအဆောက်အအုံစီမံကိန်းအချို့ကို တည်ဆောက်ရာတွင် ကူညီခြင်း ၎င်းတို့၏ ထိပ်တန်းဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်နိုင်ငံလည်းဖြစ်လာခဲ့သည်။ ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (CCFTA)နှင့် ကမ္ဘောဒီးယားနှင့် တရုတ် နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) သည် တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားသို့ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆွဲဆောင်ခြင်းအပြင် နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုကို အရှိန်မြှင့်တင်ပေးခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)