Main menu

MAFF သည် အမျိုးသားစိုက်ပျိုးရေးဓာတ်ခွဲခန်း တည်ဆောက်ရန်ဆွေးနွေး

Powered by Drupal

      စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF) နှင့် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (UNIDO) တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ (ISO) ၏စံနှုန်းများနှင့်အညီ အမျိုးသားစိုက်ပျိုးရေးဓာတ်ခွဲခန်း တည်ဆောက်ရန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ MAFF ဝန်ကြီး Tina သည် UNIDO ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားဓာတ်ခွဲခန်းတည်ဆောက်ခြင်းနှင့် ပတ်သက်၍ MAFF ရုံးတွင် အသေးစိတ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း MAFF ကထုတ်ပြန်ထားသည်။ စံချိန်စံညွှန်းမီ အမျိုးသာဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ရန် UNIDO အဖွဲ့၏ ပါဝင်ဆောင်ရွက်မှုအတွက် ကျေးဇူတင်ရှိကြောင်း၊ ထိုသို့သော အမျိုးသားအဖွဲ့အစည်းသည်ကမ္ဘောဒီးယားစိုက်ပျိုးရေး ကဏ္ဍကိုအားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Tina သည် လုပ်ငန်းအဖွဲ့အား ထိရောက်သောရလာဒ်များရရှိစေရေးအတွက် ၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့် လုပ်ဆောင်ရန်၊ အမျိုးသားဓာတ်ခွဲခန်းတည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) ၏ ဥက္ကဋ္ဌ Suy Kokthean က အဆိုပါလုပ်ဆောင်ချက်သည် စိုက်ပျိုးရေးကဏ္ဍအတွက် အပြုသဘောဆောင် သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး ခေတ်မီစေရန် ခြေလှမ်းစတင်မှုသည် သီဟိုဠ်စေ့ကဏ္ဍအပေါ်အကျိုးရှိသော သက်ရောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးရေးသုတေသနပြုမှုတွင် စီးပွားရေးထိရောက်မှုနှင့် ရေရှည်တည်တံ့မှုတို့ကို မြှင့်တင်ရန်အတွက်  အစိုးရလက်အောက်တွင် ပူးတွဲသုတေသနအဖွဲ့များ ဖွဲ့စည်းမည့် MAFF သည် ကမ္ဘောဒီးယားစိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ တည်ထောင်ရန်အတွက် ဥပဒေတစ်ရပ် ရေးဆွဲနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)