![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/121_3.png?itok=1zz81p75)
ကန်စွန်းဥမျိုးအနေဖြင့်ရွှေဝါနှင့်ငချိတ်မျိုး ဟူ၍နှစ်မျိုးရှိပါသည်။ ကန်စွန်းဥကိုပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်၊ သာကူနဲ့ကျိုစားတာဖြစ်ဖြစ်စားလို့ရသလို ဒီလိုအမျိုးမျိုးလုပ်စားလို့ရတဲ့ ကန်စွန်းဥကစားကောင်းရုံတင်တင်သာမက ကျန်းမာရေးအတွက်လည်းအထောက်အကူပြုပေးပါသည်။ အတွင်းသားက လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အမျိုးမျိုးရှိကြပြီး အရသာကချိုပြီး အသားကခပ်မွမွလေးရှိပြီး အာလူးလိုမဟုတ်ဘဲ ရှည်မြောမြောပါ အရွယ်အသားကတော့ ခပ်ရွယ်ရွယ်ကနေ အကြီးကြီးအထိ အမျိုးမျိုးရှိနိုင်ပါသည်။ ကန်စွန်းဥမှာပါတဲ့အမျှင်ဓါတ်က အစာခြေစနစ်ကိုကျန်းမာစေနိုင်သလို အူတွေကိုလှုပ်ရှားမှု ကောင်းမွန်စေပါသည်။ အစာအိမ်အနာတွေကို သိသိသာသာသက်သာစေပြီး ဝမ်းချုပ်မှုကင်းဝေးပြီး အစာအိမ်ထဲမှာ အက်ဆစ်ဖြစ်ပေါ်မှု နည်းစေတာကြောင့် အစာအိမ်အနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ် လို့သိရပါသည်။
ထို့ပြင်ကန်စွန်းဥ ပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင်လက်လီဈေး ကျပ်(၁၈၀၀ - ၂၀၀၀)၊ လက်ကားဈေး ကျပ်(၈၀၀ - ၁၅၀၀)ပေါက်ဈေးဖြင့်ရောင်းချရ၍ စိုက်တောင်သူများဈေးကောင်းရရှိပြီး အကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း ကန်စွန်းစိုက်တောင်သူများထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)