Main menu

ပေါင်မြို့နယ်၌ မိုးစပါးရိတ်သိမ်းပြီးနောက် ဆီထွက်သီးနှံများ စိုက်ပျိုးရန်ဆောင်ရွက်ထားရှိမှု

Powered by Drupal

             မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင်းရှိ ကျေးရွာအချို့တွင် မိုးစပါးရိတ်သိမ်းပြီးနောက် ဆီထွက်သီးနှံများ စိုက်ပျိုးသွားရန်ဆောင်ရွက်နေကြောင်း သိရှိရသည်။

             နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလုံး၊ ဘိုကိတ်ပဲများအပြင် မြေပဲစိုက်ဧကလည်း အနည်းငယ်ရှိလာပါသည်။ စတင်စိုက်ပျိုးချိန်ကို နိုဝင်ဘာလနောက်ဆုံးအပတ်တွင် လုပ်ငန်းစတင်ပြီ ဖြစ်ကြောင်းသိရသည်။ နေကြာစိုက်ပျိုးမှုကို ကျေးရွာ (၁၉) ရွာ၌ ဧက (၁၅၂၀) စိုက်ပျိုးသွားမည်ဖြစ်ပြီး ပဲအမျိုးမျိုးစိုက်ပျိုးမှုကို ရွာပေါင်း (၂၁)ရွာ၌ ဧက (၃၉၇၇) စိုက်ပျိုးသွားမည်ဟု စိုက်ပျိုးရေးဌာနမှ သိရသည်။

             ဆောင်းသီးနှံစိုက်ပျိုးမှုအတွက် ပြည်နယ်အစိုးရအဖွဲ့မှ မြေဩဇာရောင်းချပေးခြင်း၊ စိုက်ပျိုးရေးဌာနမှ မျိုးစေ့ဖြန့်ဖြူးပေးခြင်း၊ ချိတ်ဆက်ဝယ်ယူခြင်း စသည့်ကူညီဆောင်ရွက်မှု အပြင်ဆောင်းသီးနှံ တစ်ဧကစိုက်ပျိုးမှုအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်စရိတ်အဖြစ် ကျပ်တစ်သိန်းထုတ်ချေးပေးနေကြောင်း သိရှိရပါသည်။

DOCA(မွန်)