စက်မှု၊ သိပ္ပံ၊ နည်ပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန၊ ဝန်ကြီး Hem Vanndyu က FTB Bank မှ Dith Sochal နှင့်ကိုယ်စားလှယ်အဖွဲ့အား ၃-၁၂-၂၀၂၄ ရက်နေ့က ပုဂ္ဂလိက ရေလုပ်ငန်းအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ Dith Sochal သည် နိုင်ငံအတွင်းတွင် ဘဏ်ခွဲပေါင်း ၂၃ ခု နှင့် ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရှိပြီး မကြာမီကာလအတွင်း နောက်ထပ်ဘဏ်ခွဲ နှစ်ခု ကိုဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့သည်။ ဘဏ်သည် ဝန်ထမ်းပေါင်း ၇၇၀ ဦး ကိုခန့်အပ်ထားပြီး ပုဂ္ဂလိကရေလုပ်ငန်း ၃၁ ခုအား ချေးငွေဒေါ်လာ ၁၅ သန်းအပါအဝင် SME ဖွံ့ဖြိုးတိုးတက်ရေးတွင် ရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ Hem Vanndyu သည် SMEs နှင့် ပုဂ္ဂလိကရေလုပ်ငန်းလုပ်ကိုင်သူများအတွက် ၎င်း၏ပံ့ပိုးကူညီမှုကို ဆက်လက်ထိန်းသိမ်းထားရန် FTB Bank အား တိုက်တွန်းခဲ့ပြီး ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် ကဏ္ဍ၏အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။ ရေပေးဝေရေး၊ အတိုးနှုန်းသက်သက်သာသောချေးငွေများအတွက် အတိုးနှုန်းလျှော့ချရန်နှင့် ကမ္ဘောဒီးယား ချေးငွေအာမခံကော်ပိုရေးရှင်း (CGCC) ၏ ငွေကြေးဆိုင်ရာအခွင့်အလမ်းများကို တိုးချဲ့ရန် ဝန်ကြီးက FTB Bank အား တိုက်တွန်းခဲ့သည်။
Source: Khmer Times
DOCA(ဧရာဝတီ)