Main menu

ညောင်တုန်းမြို့နယ်မှ တိုင်းဒေသကြီးအတွင်း မြို့နယ်များသို့ ကြက်ဥ၊ ဘဲဥ တင်ပို့ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ ဥစားကြက်နှင့် ဘဲမွေးမြူရေးလုပ်ငန်းများရှိပြီး တိုင်းဒေသကြီးမြို့နယ်များအတွင်းသို့ ကြက်ဥ၊ ဘဲဥများဖြန့်ဖြူး တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။  

           ဖြန့်ဖြူးတင်ပို့ရောင်းချမှုအနေဖြင့်  ၂၈.၁၁.၂၀၂၄ ရက်နေ့တွင် ညောင်တုန်းမြို့နယ်မှ မြန်အောင်၊ ငပုတော၊ သာပေါင်း၊ ပုသိမ်၊ လပ္ပတ္တာ၊ မော်ကျွန်း၊ ဇလွန်၊ ကျုံပျော်၊ ဓနုဖြူမြို့နယ်များသို့ ကြက်ဥအလုံး ၃၉၀၀၀ တင်ပို့ပေးခဲ့ပြီး။ ၂၉.၁၁.၂၀၂၄ ရက်နေ့က  မော်ကျွန်းနှင့် မြန်အောင်မြို့များသို့ ကြက်ဥ အလုံးရေ ၉၀၀၀ တင်ပို့ပြီး၊ (၃၀.၁၁.၂၀၂၄) ရက်နေ့တွင် လပ္ပတ္တာ၊ ဇလွန်၊ မော်ကျွန်း၊ ဓနုဖြူ၊ မြို့နယ်များသို့ ကြက်ဥ အလုံးရေ ၁၂၀၀၀ကိုလည်းကောင်း၊ (၁.၁၂.၂၀၂၄) ရက်နေ့က ပုသိမ်၊ ပြင်စလူ၊ လပ္ပတ္တာ၊ ဓနုဖြူ၊ မြန်အောင်၊ မော်ကျွန်းမြို့နယ်များသို့ ကြက်ဥအလုံးရေ ၂၇၉၀၀၀ ကိုလည်းကောင်း၊ ၂.၁၂.၂၀၂၄ ရက်နေ့က မြန်အောင်၊ လပ္ပတ္တာ၊ ဇလွန်၊ ပုသိမ်၊ မော်ကျွန်း မြို့နယ်များသို့ ကြက်ဥအလုံးရေ ၁၈၉၀၀ လုံး တင်ပို့ပေးဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း ကြက်ခြံမွေးမြူသူများမှ နေ့စဉ်တင်ပို့ဖြန့်ဖြူးမှုများကို သက်ဆိုင်ရာဌာနများသို့ စာရင်းပြုစုပေးပို့လျက်ရှိပြီး မြို့နယ်စာရင်းများအရ သိရှိရပါသည်။

DOCA (ဧရာဝတီ)