ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ထောက်ရှာရိုး၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာ တို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေးဟောပြောခြင်းကို (၃. ၁၂.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြော ခြင်းပြုလုပ်ခဲ့ကြကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး(ဦးစီးအရာရှိ) သည် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆိုင်ရာ ဗဟုသုတများကိုရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်းဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူရရှိနိုင်သည့် အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည်တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများမှ ကုန်စည်ကိုရွေးချယ်ဝယ်ယူတက်စေရန် သိသင့်သောအချက်အလက်များ၊ FDA မှ စားသုံးရန်မသင့်ဟုကြော်ငြာထားသည့် တားမြစ်ထားသောအစားအသောက်များ၊ ခွင့်မပြုဓာတုဆိုးဆေးများ အသုံးပြုထားသောအစားအသောက်များ၊ သက်တမ်းလွန်အစားအစာများကို နံရံကပ်ဗီနိုင်းများဖြင့် ပြသရှင်းလင်းခဲ့ပြီး၊ ကုန်စည် (သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးသည် ပလတ်စတစ်၏ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာနည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များစည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှရှောင်ရှားရန် လိုအပ်သည့်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူ-၁၃၅ဦး၊ ဆရာ/ဆရာမ-၇ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)