ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဗူးပင်စိုက်ပျိုး၍ ဗူးသီးထွက်ရှိနေပြီး ရန်ကုန်သို့တင်ပိုလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ နှစ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၁၂၇၉၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။ ညောင်တုန်းတွင် ဗူးပင်စိုက်ဧက ၄၅၀ ခန့်ရှိကြောင်း သိရသည်။
စိုက်ပျိုးမှုအနေဖြင့် ဩဂုတ်လတွင် စတင်စိုက်ပျိုးကြပြီး ၂လခွဲအကြာ တွင်အသီးတင်ထွက်ရှိသည်။ စိုက်ပျိုးရာတွင် စင်တင်စိုက်ပျိုးခြင်းနည်းဖြင့်သာ စိုက်ပျိုးကြသည်။ စင်တင်စိုက်ပျိုးပါက စိုက်ဘောင်ပြုလုပ်ရာတွင် အလျား(၅)ပေ၊ အနံ(၃)ပေ အမြင့်(၁)ပေခန့် ဘောင်ပြုလုပ်ပြီး ဘူးစေ့များကိုတစ်ကျင်းနှင့် တစ်ကျင်း (၁)ပေခွဲခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၅)စေ့ခန့် ထည့်၍စိုက်ရပါသည်။ အပင်ပေါက်လာလျှင် နှစ်ပင်ခန့်သာ ထားရှိသည်။ ဘူးပင်စိုက်ပြီးတစ်လခန့်အကြာတွင် ဘူးညွန့်များခူးရပါသည်။ ဘူးညွန့်ခေါင်ညွန့်ကို ခူးဖြတ်ပေးမှသာလျှင် ဘူးညွန့်များများထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်ပါသည်။ ဗူးညွှန်ကိုခူးဖြတ်၍လည်း ဗူးညွှန့် ၅ညွှန့်ပါတစ်စီးကို ၆၀၀ကျပ်ဖြင့် ဖောက်သည်ပေးပြီး ရောင်းချ၍လည်း ရကြောင်း၊ ဘူးပင်တစ်ပင်လျှင် ဘူးသီးအလုံး(၄၀)ခန့်သီးကြောင်း သိရှိရသည်။ ယခု ဘူးသီးဈေးနှုန်းအနေဖြင့် အလုံးကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး အသေး(၁)လုံးလျှင် (၃၀၀၀)ကျပ်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ဝါးဖိုး အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဗူးသီး အလုံးရေ ၁၀၀၀၀ ခန့်ထွက်ရှိခြင်းကြောင့်၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ယခုနှစ်တွင် ငွေကျပ် ၂၅၀၀၀၀၀ ထိ အကျိုးအမြတ်ရရှိ၍ တောင်သူများ အကျိုးအမြတ်ရရှိသဖြင့် ဗူးပင်စိုက်သူများ စီးပွာဖြစ်အဆင်ပြေလျက်ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး အောက်တိုဘာလတွင် ဗူးသီးအလုံးရေ ၅၀၀၀၀ထိ တင်ပို့ခဲ့ပြီး နိုဝင်ဘာလတွင် ဗူးသီးအလုံးရေ ၂၀၀၀၀တင်ပို့ခဲ့ကြောင်း ဗူးစိုက်ပျိုးသူ တောင်သူ ဦးထွန်းရင်ပြောပြချက်အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)