Main menu

သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများကို မအူပင်မြို့နယ်တွင် နေ့စဉ်ရောင်းချပေးလျက်ရှိ

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက်ရည်ရွယ်၍ ကြက်ဥ၊ ဘဲဥများကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

              ရောင်းချရာတွင် အမျိုးသမီးရေးရာအဖွဲ့ စည်ပင်သာယာရေးအဖွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ကြီးကြပ်ပါဝင်ကြပြီး (၂၈.၁၁.၂၀၂၄)ရက်နေ့က စတင်ရောင်းချကာ  ကမ်းနားလမ်း မီးသပ်ရုံးရှေ့တို့တွင် ကြက်ဥ အလုံး(၃၀၀၀) ကြက်ဥ တစ်လုံး ၃၅၀ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ အလုံး(၃၀၀) ၁လုံး ၅၀၀ကျပ်ဖြင့်လည်းကောင်း၊  (၂၉.၁၁.၂၀၂၄)မှ (၂.၁၂.၂၀၂၄) ရက်နေ့အထိ ၃လမ်းဈေး၊ ၉လမ်း၊ အခွန်လွတ်ဈေး ဗန္ဓာပင်ဈေး၊ ဝေဋုဝန်ဈေးတို့တွင် အလှည့်ကျရောင်းချပေးလျက်ရှိရာ ကြက်ဥအလုံးရေ ၁၂၀၀၀ နှင့် ဘဲဥ အလုံးရေ ၂၄၀၀ ကို ရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။ 

DOCA (ဧရာဝတီ)