(၃.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများသည် မြို့နယ်စားသုံးသူရေးရာဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မအူပင်မြို့နယ် စားအုန်းဆီရောင်းချသူလုပ်ငန်းရှင်(၂၇)ဦးနှင့် တွေ့ဆုံ၍ ဆီရောင်းချခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခဲ့ကြောင်းသိရသည်။
မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်ကိစ္စရပ် ကိုရှင်းလင်းခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ ကိုရှင်းလင်းခြင်း၊ လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကိုဆွေးနွေးပြီး လက်ရှိဆီရောင်းချသူများအနေဖြင့် မိမိတို့ရရှိသည် ဆီခွဲတမ်းအလိုက် စားသုံးသူပြည်သူများကို အပြည့်အဝဆီထုတ်ယူခွင့် စာအုပ်ဖြင့်ရောင်းချပေးပြီး စနစ်တကျဆောင်ရွက်ရန်၊ သတ်မှတ်ရက်အတွင်း ဆီထုတ်ယူခွင့်အပြည့်အဝရရှိနိုင်အောင် နာရီသတ်မှတ်၍ သတ်မှတ်အချိန်ကာလအတွင်းဝယ်ယူနိုင်ရန် ကြိုတင်သတိပေးမှုဖြင့် ဆောင်ရွက်ပေးရန်၊ ဆီရောင်းချသူလုပ်ငန်းရှင်အခြင်းခြင်း အငြင်းပွားမှုမဖြစ်စေရေးနှင့် စားသုံးသူပြည်သူများကို အလေးချိန်ပြည့်ဝစွာရောင်းချပေးနိုင်ရန်ကိုလည်းကောင်း၊ ဆီထုတ်ယူခွင့် စာအုပ်များပျောက်ဆုံးနေသဖြင့် လာရောက်ထုတ်ယူသူမှ ဆီစာအုပ်ပျောက်ဆုံးပါက သက်ဆိုင်ရာဆီဆိုင်နှင့် သက်ဆိုင်ရာဌာနများသို့ သတင်းပို့အကြောင်းကြားထားရန် မသမာသူတစ်ဦးက ဆီထုတ်ယူခွင့်စာအုပ်ပျောက်ဆုံးသူကိုယ်တိုင်ပါ စာအုပ်ဖြင့်နှစ်ကြိမ်ထုတ်ယူခြင်းများဖြစ်ပေါ်မှုကို ဟန့်တားနိုင်အောင် သေချာစိစစ်ဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားသွားပြီး ဆီရောင်းချသူလုပ်ငန်းရှင်များကလည်း လိုအပ်သည်များဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA( ဧရာဝတီ )