Main menu

Anchorတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့ရှိ ပဲခူးတိုင်းဒေသကြီး ဒေသထုတ်ကုန်အရောင်းစင်တာ ဖွင့်လှစ်မည့်အဆောက်အဦအား ကြည့်ရှုစစ်ဆေး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာတာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့တွင် ပဲခူးတိုင်းဒေသကြီးဒေသထုတ်ကုန် အရောင်းစင်တာဖွင့်လှစ်မည့် တောင်ငူမြို့ အမှတ်(၁၄)ရပ်ကွက်၊ နံပါတ်(၁)လမ်းရှိ အဆောက်အဦးအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

          ယင်းအဆောက်အဦသည် တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အဆောက်အဦဖြစ်ပြီး အရောင်းစင်တာဖွင့်လှစ်နိုင်ရန်အတွက် အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်းကို တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလည်းကောင်း၊ အရောင်းစင်တာအတွင်း ပစ္စည်းတင်စင်များပြင်ဆင်ခြင်း၊ ရောင်းချမည့်ပစ္စည်းများစုဆောင်းခြင်းကို တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှလည်းကောင်း ဆောင်ရွက်လျက်ရှိရာ အရောင်းစင်တာဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုများကို တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

          ပဲခူးတိုင်းဒေသကြီး ဒေသထုတ်ကုန်အရောင်းစင်တာများကို ပဲခူးမြို့နှင့် ပြည်မြို့တို့တွင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် တောင်ငူမြို့၌ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ အဆောက်အဦ ပြင်ဆင်ခြင်းလုပ်ငန်း ပြီးစီးတော့မည်ဖြစ်၍ မကြာမီကာလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)