Main menu

လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိဆန်စက်များကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့် ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ အောက်တိုဘာလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၂၅၀ ကျပ်ဖြစ်ပြီး၊ ဖွဲနု ၆၅ ပေါင်တစ်အိတ် လျှင် ၁၆၂၅၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခု နိုဝင်ဘာလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင် ၂၆၀ ကျပ်ပေါက်ဈေးသာရှိနေကြောင်း၊ ဖွဲနု ၆၅ ပေါင် တစ်အိတ်လျှင် ၁၆၉၀၀ ကျပ် ဈေးဖြင့်လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်ပါ ဈေးကွက်လိုအပ်ချက်အရ ဈေးနှုန်းသည် အတက်ဘက်သို့ ဦးတည်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)