ရန်ကုန်မြို့ရှိဆီသိုလှောင်ကန်များမှ ဖြန့်ဖြူးရောင်းချသည့် ရန်ကုန်အထိုင်တစ်ပိဿာ လက်ကားရည်ညွှန်းဈေးနှုန်းအပေါ် အဆင့်ဆင့် လက်ကား/ လက်လီရောင်းချရာတွင် သယ်ယူစရိတ်နှင့် အကျိုးအမြတ်ကို ၂ ရာခိုင်းနှုန်းထက်မပိုစေဘဲ ဖြန်ဖြူးရောင်းချရမည်ဖြစ်ကြောင်း ကြားသိရသဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌနှင့် စီးပွားရေးဝန်ကြီးများထံ တင်ပြပြီးစားအုံးဆီဖြန့်ဖြူရောင်းချခြင်းအား သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၆) မြို့နယ်မှ သက်ဆိုင်ရာဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ နစည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍အပတ်စဉ် ကြာသပတေးနေ့တိုင်း လက်ကားရောင်းချသူများအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ ရှောင်တခင်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)