Main menu

ဆောင်းဦးပေါက်ရာသီတွင် ထွက်ပေါ်လာသော ပြင်သစ်ပန်း(ခ) ဆောင်တော်ကူးပန်းများဈေးကွက်တွင် ဈေးကောင်းရ

Powered by Drupal

                ပြင်သစ်ပန်း(ခ) ဆောင်တော်ကူးပန်းသည် အရောင်မှာဖြူစွတ်စွတ်အရောင်ရှိပြီး ပန်းပွင့်ချိန်တွင်  အဆုပ်လိုက် အဆုပ်လိုက်ပွင့်တက် သောနွယ်ပင်တစ်မျိုးဖြစ်ပါသည်။ ထိုပန်းသည် ဆောင်းဦးပေါက်ရာသီချိန်ဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ထွက်ပေါ်လာပြီး တစ်နှစ်မှတစ်ခါသာပေါ်တက်သဖြင့် လူအများက နှစ်ခြိုက်စွာဝယ်ယူကြသော ပန်းတစ်မျိုးဖြစ်ပါသည်။ ပြင်သစ်ပန်း(ခ) ဆောင်တော်ကူးပန်းများကို ပြည်ဈေးကွက်သို့ အနီးအနားရှိ ကျေးရွာများ၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ရောင်းချသော ဈေးနှုန်းများမှာ အစည်းတစ်စည်းလျှင် (၁၂၀၀-၁၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ပန်းမှာ ဘုရားပန်းကပ်လှူ ရာတွင်လည်းကောင်း၊ နတ်ပန်းအိုးထိုးရာတွင်လည်းကောင်း၊ ပန်ဆင်ရာတွင်လည်းကောင်း ဝယ်ယူသုံးစွဲကြသဖြင့် ရောင်းချသူများအနေဖြင့်လည်း တစ်နှစ်တစ်ခါထွက်ပေါ်သည့်ပန်းဖြစ်၍ စရိတ်ငြိမ်းအမြတ်အစွန်းများလည်းရရှိသည့် ပန်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)