Main menu

ကန့်ဘလူမြို့နယ်အတွင်းရှိ ဂေါ်ဖီထုပ် ဈေးနှုန်း အခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်းကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ကန့်ဘလူမြို့ မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ပန်းဂေါ်ဖီများကို ယခင်လများတွင် မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခုနိုဝင်ဘာလကုန် ဒီဇင်ဘာလလဆန်းပိုင်းတွင် ဒေသတွင်းထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်းချလျက်ရှိပြီး ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး/အ‌သေးသောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေးနှုန်းအနေဖြင့် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၂၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ နိုဝင်ဘာလတွင် ဂေါ်ဖီထုပ် အကြီး / အသေးပေါ် မူတည်၍ တစ်ထုပ်လျှင် (၃၅၀၀/၄၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုဒီဇင်ဘာလအတွင်းတွင် ပန်းဂေါ်ဖီ(အကြီး) တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ (အလတ်)တစ်ပွင့်လျှင်(၂၅၀၀)ကျပ်နှင့် ဂေါ်ဖီထုပ်(အသေး) တစ်ပွင့်လျှင်(၂၀၀၀)ကျပ်ဈေးရှိခဲ့ပြီး ယခင်အောက်တိုဘာလ ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)