Main menu

ကန့်ဘလူခရိုင်တွင် ဖြစ်ပေါ်နေသော မြေပဲလုံးဆံနှင့်မြေပဲအတောင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံမြေပဲများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ထိုသို့စိုက်ပျိုးရာတွင် မျိုးမြေပဲဆံများကို ဒေသတွင်းတောင်သူများထံမှလည်းကောင်း၊ အခြားဒေသများမှ လည်းကောင်းဝယ်ယူရကြောင်း၊ ဆီစက်လုပ်ငန်းရှင်အချို့မှလည်း မြေပဲလုံးဆံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှဝယ်ယူပြီး မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ပြန်လည် ရောင်းချကြောင်း၊ မြေပဲလုံးဆံကို ဆီကြိတ်ရုံသာမက အစားအသောက်များတွင်လည်း ထည့်သွင်းအသုံးပြုခြင်းနှင့် တွဲဖက်စားသုံးခြင်းတို့ကိုပြုလုပ်ကြကြောင်း၊ ကန့်ဘလူခရိုင်၌ ဒီဇင်ဘာလပထမပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၄၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ် (၁၂၈၀၀၀)ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဒီဇင်ဘာလပထမပတ်အတွင်း မြေပဲအတောင့် (၁)တင်းလျှင်(၁၀၀၀)ကျပ်ကျဆင်း၍၊ မြေပဲလုံဆံဈေးနှုန်းမှာတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)