ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ပဲပြားဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။
လူတန်းစာမရွေး လူအများကြိုက်နှစ်သက်သည့်ပဲပြားသည် ပရိုတင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေး နှင့်ညီညွှတ်သည့် အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကိုကြော်ကာအစာသိပ်လုပ်စားခြင်း၊ ပဲပြားတုတ်ထိုးလုပ်စားခြင်း၊ ပဲပင်ပေါက်နှင့် ကြော်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း၊ ခရမ်းချဉ်သီးနှင့် အခြားမိမိကြိုက်နှစ်သက်ရာတို့ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ပဲပြားများကို တစ်ပြားလျှင် (၂၅၀)ကျပ်နှုန်းဖြင့် ရောင်းချဝယ်ယူလျက်ရှိကြသည်။ ၎င်းပဲပြားဈေးနှုန်းမှာ အောင်တိုဘာလမှဒီဇင်ဘာလပထမပတ်အထိ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(ကရင်)