Main menu

တောင်ငူခရိုင် ဖြူးမြို့မှ ခြင်္သေ့မင်းမြေပဲယိုလုပ်ငန်း

Powered by Drupal

              တောင်ငူခရိုင် ဖြူးမြို့ ထန်းကုန်းလမ်းတွင် ထုတ်လုပ်လျက်ရှိသော ခြင်္သေ့မင်းမြေပဲယို လုပ်ငန်းသည် လွန်ခဲ့သည့် ၄၆ နှစ်က စတင်လုပ်ကိုင်ခဲ့သည့် မိသားစုတပိုင်တနိုင်လုပ်ငန်းဖြစ်ပြီး ယခုအခါတွင် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့အပြင် ထိုင်းနိုင်ငံအထိ ဈေးကွက်ရှိနေသည့် စားသောက်ကုန်ဖြစ်ပါသည်။

              လုပ်ငန်းစတင်လုပ်ကိုင်စဉ်က ယခုကဲ့သို့ ပါကင်ထုပ်များဖြင့် ထုပ်ပိုးခြင်းမဟုတ်ဘဲ အချိန် ဖြင့်ရောင်းချခြင်းဖြစ်ပါသည်။ နောက်သုံးနှစ်အကြာတွင် သကြားမြေပဲယိုကို ကိုယ်ပိုင်ဖော်မြူလာ ဖြင့် စမ်းသပ်လုပ်ကိုင်ပါသည်။ ထိုစဉ်က ကုန်ကြမ်းပစ္စည်းများပေါသဖြင့် အကြိမ်ကြိမ်အပျက်အစီးခံ ပြီးမှ ဈေးကွက်ဝင် သကြားမြေပဲယိုကို ရရှိပါသည်။ နောက်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်အရ သကြား မြေပဲယို၊ ကြံသကာမြေပဲယိုနှင့် နှမ်းယိုများထုတ်လုပ်ပြီး ပါကင်ထုတ်များဖြင့် စနစ်တကျဖြန့်ဖြူး ရောင်းချပါသည်။

              သကြားမြေပဲယိုကို အချပ်ကြီး(ရိုးရိုး)၊ အချပ်သေး(ရိုးရိုး)၊ အနားနှစ်ဖက် မြေပဲဗို့သားနှင့် နှမ်းဖြူးထားသည့်အချပ်နှင့် သကြားနှမ်းယိုဖြင့် လေးမျိုးထုတ်လုပ်ပါသည်။ သကြားမြေပဲယို  တစ်ထုတ်လျှင် ၇၀၀၀ ကျပ်၊ သကြားနှမ်းယိုတစ်ထုတ်လျှင် ၆၀၀၀ ကျပ်၊ မြေပဲဗို့သားနှင့် နှမ်းဖြူးထားသည့်မြေပဲယို တစ်ချပ်လျှင် ၂၈၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျှက်ရှိပါ သည်။

              ဖြူးမြို့တွင် ဆိုင်ဖွင့်လှစ်ရောင်းချပြီး ကညွတ်ကွင်းမြို့တွင် ကိုယ်စားလှယ်ဖြင့် ရောင်းချ ပါသည်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မိတ္ထီလာ၊ ပန်းတနော်၊ မူဆယ်၊ မြဝတီမြို့များသို့ ပို့ဆောင်ပေးရပြီး ထိုင်းနိုင်ငံရောက်မြန်မာများ မှာယူသဖြင့် မြဝတီမြိုမှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ ဈေး ကွက်ရှိကြောင်း လုပ်ငန်းရှင် ဒေါ်မြင့်မြင့်ကြည်ထံမှ သိရပါသည်။

DOCA(ပဲခူး)