စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ မေလ(၃)ရက်နေ့ နံနက်( ၉း ၀၀)အချိန်နှင့် မေလ(၄)ရက်နေ့ နေ့လည်(၁၃း ၀၀)နာရီအချိန်တွင် ပြည်နယ် အတွင်း စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ မြို့ပြ၊ ကျေးလက် အလွှာပေါင်းစုံတို့တွင် နေထိုင်လျက်ရှိသော စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များ ကုန်စည်နှင့် ဝန်ဆောင်မူတို့စပ်လျဉ်း၍ စားသုံးသူတစ်ဦး၏အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်၊ ကုန်စည်၏ အခြေခံလိုအပ်ချက်များနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်၊ ဥပဒေအရ စားသုံးသူများ လိုက်နာရမည့်အချက်များ၊ ထုတ်လုပ်သည့်လုပ်ငန်းရှင်များမှ ကုန်စည်တွင်ပါရှိသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်အတိုင်း လိုက်နာရမည့် တာဝန်ဝတ္တရားများကို စားသုံးသူပြည်သူများအနေဖြင့် မည်မျှဗဟုသုတရှိမှု၊ စွမ်းဆောင်နိုင်ရည်ရှိမှု အညွှန်းကိန်းစစ်တမ်းတို့အား မြေပြင်ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(ကယား)