စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ နန်းတော်ဦးဈေးအတွင်း အခြေခံစားကုန်များနှင့် သားငါးများ ရောင်းချနေမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။
ပူးပေါင်းအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် စည်ပင်သာယာဈေးများနှင့် ရပ်ကွက်ဈေးများတွင် ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥနှင့် အခြေခံစားကုန်များ ရောင်းချမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
တောင်ငူခရိုင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် တောင်ငူမြို့တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဈေးကိုဖွင့်လှစ်၍ အခြေခံလူတန်းစားများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်သကဲ့သို့ mobile မော်တော်ယာဉ်များဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို အခြေခံလူတန်းစားများရာ ရပ်ကွက်များတွင် လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)