၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် ၊အမှတ်(၆)၊ ရွှေဘုံသာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်း၌ “ပြည်ကျော်”မုန့်မျိုးစုံလုပ်ငန်းရှင် ဦးမျိုးကိုနှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ထုတ်ပိုးသည့်ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှီရပါသည်။
DOCA (ဧရာဝတီ)