ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်နိုဝင်ဘာလ(၂၈)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဝင်းဝင်းသန်း(မြို့နယ်ဦးစီးမှူး)မှအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်မှ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့နေသည့်အချက်များ၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊စားသုံးသူများ၏အခွင့်အရေးနှင့် စားသုံးသူများအနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြုံတွေ့လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်များတွင်လည်းစားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများဖွင့်လှစ်ထားကြောင်းကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်းသတင်း ရရှိပါသည်။
DOCA(မန္တလေး)