Main menu

ညောင်ဦးမြို့တွင် လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောပွဲဆောင်ရွက်

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိသင့်သိထိုက်သည့်အကြောင်းအရာများအား အသိပညာပေးခြင်းနှင့် ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ (၂၆.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စားသုံးဆီလက်လီ/ လက်ကားရောင်းချသော လုပ်ငန်းရှင်များအား  စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) မှ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိစေရေး  အသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              အဆိုပါဟောပြောဆွေးနွေးမှုတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းအတွက် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကို ဆိုလိုတာဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများမှာ လုံခြုံစိတ်ချရမှုနှင့်အာမခံချက်ပေးနိုင်သော ကုန်စည်များ၊ ဝန်ဆောင်မှုများကို စားသောက်သုံးစွဲလာနိုင်ရင် ထိခိုက်နစ်နာဆုံးရှုံးမှုများနည်းပါးလာကာ လူမှုဘဝများသာယာလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံသူ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားအတွက် လုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းပါဝင်ကူညီလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များကို လုပ်ငန်းရှင်များအနေဖြင့် နားလည်သဘောပေါက်ပြီး လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူအား စိတ်စေတနာအပြည့်အဝထားရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည့်အချက်များအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးပွဲသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသောလုပ်ငန်းရှင်(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)