စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ ဂေါ်သဇင်ပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာလူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုးလည်းဖြစ်ပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီးလျှင် ကျပ်(၁၀၀၀)၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစားအလိုက် ကျပ်(၁၀၀၀/၁၅၀၀)၊ အောင်သပြေအခက် တစ်စီးလျှင် ကျပ်(၁၀၀၀)၊ အာစီယံအခက် တစ်စီးလျှင် ကျပ်(၅၀၀)၊ ဂေါ်သဇင်ပန်း တစ်စီးလျှင်(၃၀၀)(၂)စီးလျှင်ကျပ်(၅၀၀) နှင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်ကျပ် (၂၀၀၀/၂၅၀၀)တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သပြေပန်း(အောင်သပြေ)၊ အာစီယံသပြေနှင့် ဂန္ဓာမာပန်း (အပွင့်သေး) များကို မိမိတို့ ကန့်ဘလူမြို့ အမှတ်(၂/၃)ရပ်ကွက်များနှင့် မှန်နီကုန်းကျေးရွာများမှ မှာယူရောင်းချ လျက်ရှိပြီး သစ္စာပန်းများကို မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချရကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)