Main menu

စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူများဝင်ငွေတိုးလာဖို့ cp ပြောင်းများစိုက်ကြစို့

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့်  သီးနှံမျိုးစုံ စိုက်ပျိုးသည့်အနက်မှ  ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကို  တွေ့ရှိရပါသည်။

     ပြောင်းဖူးကို မြေတစ်ဧကလျှင် မျိုးစေ့ ၁ ထုပ်စိုက်ပျိုးရပြီး ပြောင်းမျိုးစေ့ အများအပြား ရှိသော်လည်း ၆၁၂နှင့် ၈၀၈ မျိုးများကိုသာ အများဆုံး စိုက်ပျိုးလျက်ရှိပါကြောင်း၊ မျိုးစေ့ ၆၁၂ တစ်ထုပ် ၈၀၀ဝ၀ ကျပ်၊ ၈၀၈ တစ်ထုပ် ၆၀၀၀၀ ကျပ်  ပေးဝယ်ရပါကြောင်း၊ မြေတစ်ဧကလျှင် ထွန်ယက်ခ တမနက် ၁၅၀ဝ၀ ကျပ်နှုန်းဖြင့် ၁၀မနက် ၁၅၀ဝ၀ဝ ကျပ် ပေး၍ ထွန်ယက်ရပါကြောင်း၊ စိုက်ပျိုးပြီး အပင်ပေါက်များကို ၂ ပတ်တစ်ကြိမ် ရေတင်ပေးရပြီး ၊ အပင်ပေါက် ၁လကျော်လျှင် အပင်ဖြစ်ဆေး၊ ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ရပါကြောင်း၊ မြေဆီ(၃) အိတ်ကုန်ကျခဲ့ပြီး မြေဆီ တစ်အိတ်လျှင် (၁)သိန်းကျပ်နှုန်းဖြင့် (၃)သိန်းကျပ်ခန့် ကုန်ကျခဲ့ပါကြောင်း၊ မြေတစ်ဧက စိုက်ပျိုးလျှင် အပြီးအစီး ၁၀ သိန်းဝန်းကျင်ကုန်ကျခဲ့ပြီး   ပြောင်းကို ရာသီမရွေး ရေတင်စိုက်ပျိုးနိုင်ပြီး နွေရာသီစိုက်ပျိုးလျှင် ရက် ၁၀ဝ ကြာပြီး ရေ ၆ ခါတင်ပေးရပါကြောင်း၊ ဆောင်းရာသီစိုက်ပျိုးလျှင် ရက်ပေါင်း ၁၁၀ မှ၁၂၀ ထိကြာပြီး ရေ ၅ ခါတင်ပေးရပါကြောင်း သိရပါသည်။

    ပြောင်းဖူးအား စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလမျာတွင် ရိတ်သိမ်းရပါကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးလျှင် အမြတ်ပိုမို ထွက်ရှိပါကြောင်း၊ အဖူးရိတ်သိမ်း ချိန်ရောက်လျှင် တစ်ဧကကို လူငှား ၁၀ ဦးငှားရပြီး တစ်မနက်လျှင် မိန်းကလေး ၂၅၀ဝ ကျပ် ၊ ယောင်္ကျားလေး အထမ်း အသယ်အနေဖြင့်  ၄၀၀ဝ ကျပ်ပေးရပါကြောင်း၊ အဖူးကိုချွေစက်ဖြင့်  ချွေလှေ့လျှင် ၁တင်း ၅၀ဝကျပ် ပေးရပြီး၊ ပြောင်းဖူး ၁တင်းကို ကျပ် ၁၉၀ဝ၀ မှ ၂၀၀ဝ၀ ကျော် ရောင်းချရပါကြောင်း၊ ပြောင်းဖူး ၁တင်းလျှင် ၁၈ပိဿာ ရှိပါကြောင်း၊ တစ်ဧက အထွက်နှုန်းမှာ ဆောင်းရာသီစိုက်ပျိုးလျှင် တင်း ၉၀ မှ ၁၀ဝ ထွက်ရှိပြီး နွေရာသီတွင် တင်း ၇၀ မှ ၈၀ ဝန်းကျင် ခန့်သာထွက်ရှိ ပါကြောင်း၊ ပြောင်းဖူးစေ့များကို ဒေသခံပွဲရုံများသို့ ရောင်းချခြင်း၊ မုံရွာပွဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျရောင်းချလျက်ရှိကြောင်း၊ တောင်သူအချို့မှာ ပြောင်းဖူးကို ၃/၄ ဧက စိုက်ပျိုးလျက်ရှိကြပြီး တောင်သူတချို့မှာ တပိုင်တနိုင် ၁ဧက/ ၂ဧက ဝန်းကျင်ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး  ပြောင်းဖူးသည် မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ကြက်စာနှင့် ငုံးစာများအဖြစ် အသုံးပြုလျက်ရှိပြီး ၊ ဈေးပေါ်မူတည်သော်လည်း အရှုံးမရှိဘဲ အောင်မြင်ဖြစ်ထွန်းလျှင် အကျိုးအမြတ် ကျပ်(၁၀)သိန်း ဝန်းကျင်အမြတ် အစွန်းရရှိနိုင်ကြောင်း သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)