Main menu

အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးရဲလင်းထက် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပါဝင်သော အဖွဲ့တို့သည် ၄-၁၂-၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မန္တလေးမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း  အရောင်းဆိုင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအားအသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)