Main menu

ချောင်းဆုံမြို့နယ်တွင် စံမညီ‌ဆေးဈေးဝါးများအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

              ၆.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် တရားဝင်ဆေးဝါး မှတ်ပုံတင်ထားသောဆေးများ တင်သွင်းရောင်းချခြင်းရှိ/ မရှိ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ၊ စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင် ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များလိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးဆိုင် (၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)