
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမှတ်(၃)ရပ်ကွက်၊ (ပြည်ကျော်) မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်နှင့် (၆.၁၂.၂၀၂၄)ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့စားသောက်ကုန်လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီး မှူးတို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့လုပ်ငန်းမှထုတ်လုပ်သော အစားအသောက်များအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်၊ FDAထောက်ခံချက်ရရှိအောင် ဆောင်ရွက်နိုင်ရန်နှင့် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းလိုင်စင် ရရှိရေးဆောင်ရွက်ရန် မိမိတို့လုပ်ငန်းတွင် အသုံးပြုရန်လျှောက်ထားသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို စားသောက်ကုန်လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)