Main menu

၂၀၂၄ ခုနှစ်၏ပထမ ၁၁ လတွင်ဗီယက်နမ်၏စက်မှုကုန်ထုတ်လုပ်မှု ၈.၄ ရာခိုင်နှုန်းမြင့်တက်

Powered by Drupal

          ယခုနှစ်၏ပထမ ၁၁ လတာကာလတွင် ဗီယက်နမ်၏စက်မှုကုန်ထုတ်လုပ်မှုအညွှန်းကိန်း (IIP) သည် ၂၀၂၃ တူညီသည့်ကာလထက် ၈.၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း အထွေထွေ စာရင်းအင်းရုံး(GSO)၏ အဆိုအရသိရပါသည်။ ထို ၁၁ လတာကာလတွင် ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍသည် ၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်း IIP ကြီးထွားမှုတွင် ၈.၅ ရာခိုင်နှုန်းအမှတ်ရှိကာ လျှပ်စစ်ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးမှုသည်၁၀.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး IIP တွင် ၀.၉ ရာခိုင်နှုန်းအမှတ်တိုးချဲ့နိုင်ခဲ့ကြောင်းသိရပါသည်။ အမြင့်ဆုံးမြင့်တက်မှုတွင် ရာဘာနှင့် ပလတ်စတစ်ထုတ်လုပ်ခြင်း (၂၅.၆ရာခိုင်နှုန်းမြင့်တက်)၊ ပရိဘောဂထုတ်လုပ်ခြင်း (၂၄.၇% မြင့်တက်)၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်း (၁၈.၃ ရာခိုင်နှုန်းမြင့်တက်)နှင့် Coke နှင့် ရေနံ ထုတ်ကုန် များ (၁၄.၅ရာခိုင်နှုန်းမြင့်တက်တို့ဖြစ်ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူခြင်း (၁၂.၂ရာခိုင်နှုန်းကျဆင်း)နှင့် ကျောက်မီးသွေးနှင့် lignite ထုတ်လုပ် ခြင်း (၅.၃ ရာခိုင်နှုန်းကျဆင်းတို့ပါဝင်သော များစွာသောကဏ္ဍများတွင် အညွှန်းကိန်း ကျဆင်း ခဲ့ကြောင်းသိရပါသည်။ အထွေထွေစာရင်းအင်းရုံး၏အချက်အလက်များအရ ပြည်နယ်နှင့် ဗဟို အုပ်ချုပ်သည့်မြို့တော် ၆၀ တို့သည် ၎င်းတို့၏ IIP မြင့်တက်ခဲ့ပြီး အခြား ၃ ခု မှာကျဆင်း ခဲ့ကြောင်းသိရပါသည်။ ပြည်နယ်များသည် ကုန်ထုတ်လုပ်ခြင်း၊ လျှပ်စစ်ထုတ်လုပ် ခြင်းနှင့် ဖြန့်ဖြူးခြင်းနှင့် သတ္တုတူးဖော်ခြင်းတို့တွင် အားကောင်းမှုကြောင့် ကြီးထွားမှုပြသခဲ့ကြောင်း သိရပါ သည်။ ဆန့်ကျင်ဘက်အနေဖြင့် အခြား‌ဒေသများသည် ကုန်ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ထုတ်လုပ် ခြင်းလုပ်ငန်းတွင် လျှော့ကျခဲ့ကြောင်းသိရပါသည်။ များစွာသောစက်မှု ထုတ်ကုန်များဖြစ်သည့် မော်တော်ယာဉ် (၂၂.၄% မြင့်တက်)၊ စတီးလ်ဘား (၂၁.၇ ရာခိုင်နှုန်းမြင့်တက်)၊ အထည်အလိပ် နှင့် ချည်မျှင် (၁၆ ရာခိုင်နှုန်းမြင့်တက်)နှင့် ရေနံနှင့်ဓာတ်ငွေ့ (၁၅.၉%မြင့်တက်)တို့ပါဝင်သည့် အဓိကစက်မှုထုတ်ကုန်များသည်လည်း လွန်ခဲ့သည့် နှစ်တူညီသည့်ကာလထက် အသီးသီးမြင့်တက် ခဲ့ကြကြောင်းသိရပါသည်။ သို့သော်သိသာ ထင်ရှားသည့်ကျဆင်းမှုများတွင် သဘာဝဓာတ်ငွေ့ (၁၇.၈%)၊ LPG (၁၄%) နှင့်ရေနံစိမ်းထုတ်ယူခြင်း (၆%)တို့ဖြစ်ကြောင်းသိရပါသည်။ စက်မှု လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် GSO သည် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအား စက်မှုလုပ်ငန်း ဆိုင်ရာပြန်လည်ဖွဲ့စည်းမှုတိုးမြှင့်ရန် ကမ်းလှမ်းထားကြောင်းသိရပါသည်။ ထို့ပြင် ဝန်ကြီးဌာနသည် လုပ်ငန်းများယှဉ်ပြိုင်နိုင်စွမ်းထက်မြတ်လာစေရန်အတွက် တားစီးနေသည့် အရာများကို ဖယ်ရှားပေးနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)