စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center တွင်စားသုံးသူအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီမှ တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏ အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်နည်းလမ်းများအားပြောကြားကာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)