Main menu

ကမ္ဘောဒီးယားနိုင်ငံတွင် ကမ္ဘောဒီးယားထုပ်ပိုးမှုစင်တာ (CPC) အား တရားဝင်စတင်ဖွင့်လှစ်

Powered by Drupal

                ကမ္ဘောဒီးယားထုပ်ပိုးမှုစင်တာ(CPC) ကို ကမ္ဘောဒီးယား စားသောက်ကုန်လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကိုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။ အထူးသဖြင့် ၎င်းသည်စားနပ်ရိက္ခာဖူလုံရေး၊ စွန့်ပစ်ပစ္စည်းများလျှော့ချခြင်းနှင့် ရေရှည်တည်တံ့သောစားနပ်ရိက္ခာပြုပြင်ရေးတို့တွင် ကမ္ဘောဒီးယား နိုင်ငံအား ဦးဆောင်သူအဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။ ဥရောပသမဂ္ဂ (EU) မှ ရန်ပုံငွေဖြင့် ရိန်သိမ်းချိန်အလွန်ငါးဖမ်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (CAPFISH-Capture) မှ တည်ထောင် ထားသော Food Technology Research and Innovation Platform (FTRIP) စင်တာကို ၆-၁၂-၂၀၂၄ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့သည်။ စင်တာ၏ အဓိကလုပ်ဆောင်ချက်များ တွင် ဒေသန္တရ စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ခေတ်မီဖြေရှင်းနည်းများကို ပံ့ပိုးပေးခြင်း ဖြင့်သုတေသနလုပ်ငန်းနှင့်ဖွံ့ဖြိုး တိုးတက်ရေးတွင် ထိရောက်ပြီးရေရှည်တည်တံ့သော အစားအစာထုတ်ပိုးမှုများအတွက် လိုအပ်သောကျွမ်းကျင်မှုများဖြင့် ၎င်းတို့အားစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများပို့ချခြင်းတို့ပါဝင်သည်။ တော်ဝင်စိုက်ပျိုးရေးတက္ကသိုလ်မှ လည်ပတ်ဆောက်ရွက်သည့် (CPC) သည် စီးပွားရေးလုပ်ငန်းများအတွက် အချက်အချာကျရုံသာမက ကျောင်းသားများနှင့်သုတေသီများအတွက် သီအိုရီဆိုင်ရာအသိပညာနှင့် လက်တွေ့အသုံးချမှု အကြားကွာဟချက်ကို လေ့လာရန်၊ သုတေသီများအတွက် ပလက်ဖောင်းတစ်ခုလည်းဖြစ်ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)