Main menu

“ချောက်မြို့နယ်၊ ကြီးနီကျေးရွာသို့ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု အသိပညာပေးဆွေးနွေး”

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရုံးမှ ဒေါ်မြတ်မြတ်မိုး(မြို့နယ်ဦးစီးမှူး)၊ ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၃.၅.၂၀၂၂)နေ့ (၁၆:၀၀)နာရီတွင်  ချောက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မှဒေါ်အေးမြင့်မြတ်သင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ဆုဆုဇင်တို့နှင့် ပူးပေါင်းပြီး ချောက်မြို့နယ်၊ ကြီးနီစံပြကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် စားသုံးသူအသိပညာပေးဆွေးနွေးခြင်း၊ စားသုံးဆီ အစားထိုးနေကြာဆီ ပိုမိုစိုက်ပျိုးထုတ်လုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအသိပညာပေးဆွေးနွေးမှုကို ကဏ္ဍအလိုက်ဆောင်ရွက်ခဲ့ကြပါသည်။

            အဆိုပါ ဆွေးနွေးပွဲတွင် ချောက်မြို့နယ်ဦးစီးမှူး၊ ဒေါ်မြတ်မြတ်မိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာများအား အသိပညာပေး ဆွေးနွေးခဲ့ ပါသည်။

            ဆက်လက်၍ ဒေါ်ချိုဝေလွင် ၊ဒု-ဦးစီးမှူးမှ ကုန်စည်နှင့်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိပြုရမည့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာရှိ ကုန်စုံဆိုင်(၂)ဆိုင်အား စားသုံး၍မသင့် တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်၍ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော စားသောက်ကုန်များ၊ ရောင်းချမှုရှိ/ မရှိအား အဖွဲ့ဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)