Main menu

ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၆ ရာခိုင်နှုန်းအထိရောက်ရှိ

Powered by Drupal

               ကမ္ဘောဒီးယား၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး Aun Pornmoniroth က ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၆ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ပြီး အဓိက အားဖြင့် ပို့ကုန်ဦးစားပေးကဏ္ဍများတွင် အစိုးရအနေဖြင့် ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့နှင့် အတူ ကမ္ဘောဒီးယားသည် မြင့်မားသောဖွံ့ဖြိုးတိုးတက်မှုတို့ကို အစဉ်အမြဲထိန်းသိမ်းထားပြီး စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် ဆင်ရဲမွဲတေမှုလျော့ချရေးတို့ကိုဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် စီးပွားရေးတိုးတက်မှုအနေဖြင့် ၆ ရာခိုင်နှုန်းနှင့် ၆.၃ ရာခိုင်နှုန်း အသီးသီးတိုးတက်ရန်မျှော်မှန်းထားပြီး အဓိကအားဖြင့် ပို့ကုန် ကဏ္ဍကိုဦးတည်သော အထည်ချုပ်ကဏ္ဍများတွင် အစိုးရအနေဖြင့်ဆက်လက်ပံ့ပိုးနေကြောင်း ပြောကြားခဲ့သည်။ အနေရာထိုင်ခင်းနှင့် အခြားသောကဏ္ဍများသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး အထည်ချုပ်မဟုတ်သောစက်မှုလုပ်ငန်းများ အထူးသဖြင့် မော်တော်ယာဉ် တပ်ဆင်ရေး၊ အစားအသောက်နှင့် အဖျော်ယမကာထုတ်လုပ်ရေးတွင် တိုးတက်လာစေရန် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် တွင်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၇ ရာခိုင်နှုန်းနှင့် ၂.၅ ရာခိုင်နှုန်းအသီးသီးရှိမည်ဟု Aun Pornmoniroth က ခန့်မှန်းထားသည်။

Source: Khmer Times

DOCA(ရန်ကုန်)