Main menu

CCC သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများအတွက် ကတိပြု

Powered by Drupal

             ကမ္ဘောဒီးယားနိုင်ငံ ကုန်သည်ကြီးများအသင်း (CCC) သည် နိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ရင်နှီးမြှုပ်နှံမှုအားပြုပြင်ပြောင်းလဲမှုများ၏ အခြေအနေသစ်တွင် တော်ဝင်အစိုးရ ၏မူဝါဒနှင့်အညီ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်ကတိပြုခဲ့ကြသည်။ ၂၀၂၄ ခုနှစ်အတွင်း အလုပ်များကိုပြန်လည်သုံးသပ်ရန်နှင့် ၂၀၂၅ ခုနှစ်အတွက် ရည်းမှန်းချက်များချမှတ်ရန် နှစ်ပတ်လည် အစည်းအဝေးတွင် ကတိပြုခဲ့ခြင်းဖြစ်သည်။ စီးပွားရေးအခင်းအကျင်း၏ လျင်မြန်စွာပြောင်းလဲတိုးတက်မှုနှင့် ကမ္ဘောဒီးယား၏ လက်ရှိရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ပြုပြင် ပြောင်းလဲရေးများကြောင့် (CCC) သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အား ဆွဲဆောင်ရန်နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို လှုံ့ဆော်ရန်တက်ကြွစွာလုပ်ဆောင်နေကြောင်း ဥက္ကဋ္ဌ Kith Meng မှ ပြောကြားခဲ့သသည်။ အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကုန်သည်ကြီးများအသင်း၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ စိန်ခေါ်မှုများ၊ ဖြေရှင်းချက်များ နှင့်အကြံပြုချက်များ အထူးသဖြင့် ပြည်နယ်အသီးသီးရှိ ကုန်သည်ကြီးအသင်းများအတွက် ၂၀၂၅ခုနှစ်လုပ်ငန်းလမ်းညွှန်ချက်များကို အလေးထားဆွေးနွေးခဲ့သည်။ CCC သည် ရင်းနှီးမြှုပ်နှံသူများ အတွက်ရင်းနှီးမှုအခွင့်အလမ်း၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုတို့ကို မြှင့်တင်ရန် အတွက် ဂျပန်၊ ကနေဒါ၊ အမေရိကန် စသည့်အလားအလာရှိသောကုန်သွယ်မှုနိုင်ငံများတွင် ၎င်း၏နိုင်ငံခြားဆက်ဆံရေးရုံးများကို ထူထောင်ထားသည်။ ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (CDC) ၏အဆိုအရ နိုင်ငံတော် သည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၀ လအတွင်းအမေရိကန် ဒေါ်လာ၅.၅ ဘီလီယံတန်ဖိုးရှိသော စီမံကိန်းများ ၃၄၆ ခုကို အတည်ပြုခဲ့ပြီး အလုပ်အကိုင် ၂၆၆,၀၀၀ ကျော်ကိုဖန်တီးပေးခဲ့သည်။ စီမံကိန်းအသစ်များသည် အထည်ချုပ်၊ ခရီးသွား ကုန်ပစ္စည်းနှင့် ဖိနပ်ကဏ္ဍ၊ ဟိုတယ် ဖွံ့ဖြိုး တိုးတက်ရေး၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်း၊ ဆိုလာဓာတ်အားပေးစက်ရုံများ၊ စိုက်ပျိုးရေး၊ ကားတယာစက်ရုံများ၊ အထူးစီးပွားရေး ဇုန်များနှင့် အခြေခံအဆောက်အအုံများ အပေါ်တွင် အဓိကထားလုပ်ဆောင်နေကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)