Main menu

CDC သည် ပုံသေရင်းနှီးမြုပ်နှံမှုများမှ ဒေါ်လာ ၆.၄ ဘီလီယံ ရရှိ

Powered by Drupal

              ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လအတွင်း ၆.၄ ဘီလီယံတန်ဖိုးရှိ ပုံသေရင်းနှီးမြှုပ်နှံမှုပရောဂျက် ၃၈၆ ခုကို အတည်ပြုခဲ့ပြီး အလုပ်အကိုင်ပေါင်း ၃၀၅,၀၀၀ ခန့်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ အစီရင်ခံစာအရ သိရသည်။ နိုဝင်ဘာလတစ်လတည်းတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန် ဒေါ်လာ ၉၃၃ သန်းတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုပရောဂျက် ၄၀ ခုကို အတည်ပြုခဲ့ပြီး အလုပ်အကိုင်ပေါင်း ၃၉,၀၀၀ ခန့်ဖန်တီးနိုင်ခဲ့ကြောင်းဖော်ပြထားသည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Lim Heng က ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှု ပိုမိုမြင့်မားလာသောကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များပိုမိုဝင်ရောက်လာသည်ဟု ပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယား၏ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များအတွက် နှစ်သက်သဘောကျကြောင်းထပ်မံပြောကြားခဲ့သည်။ အစိုးရသည် ပုဂ္ဂလိကကဏ္ဍ၏ ပြည်တွင်းနှင့်ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အခက်အခဲများနှင့် စိန်ခေါ်မှုများကိုဖြေရှင်းရာတွင် တက်ကြွစွာလုပ်ဆောင်ခဲ့ကြောင်း Canthol ကပြောကြား ခဲ့သည်။ ၂၀၂၄ ခုနှစ်နိုင်ဝင်ဘာအထိ ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (CCFTA)၊ ကမ္ဘောဒီးယား-တောင်ကိုရီးယား လွတ်လပ်သောသဘောတူညီချက် (CKFTA)၊ ကမ္ဘောဒီးယား-UAE ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(CEPA) နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) များကိုဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်မှုနှင့်နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကိုဆွဲဆောင်ခြင်းနှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ  Sun Canthol ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)