မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကျွန်းရွာများဖြစ်ကြသော ကျွန်းဦး၊ ကျွန်းညို၊ မြင်းကျွန်း၊ သင်္ဘောကုန်းကျွန်း၊ ဘောလုံးခုံ၊ လိပ်ခုံး ကျွန်းများတွင် ထောပတ်ခရမ်းသီးများကို ဧကများစွာ စိုက်ပျိုး ကြပါသည်။ ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ထောပတ်ခရမ်းသီးများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ထောပတ်ခရမ်းသီးများ တစ်နေ့လျှင် ပိဿာချိန် (၅၀၀ မှ ၁၀၀၀ ထိ) ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ကျွန်းခရမ်းသီးများသာမက မြစ်ခြေ၊ ကမ္မမြို့တို့မှ စိုက်ပျိုးသော ခရမ်းသီးများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျွန်း ထောပတ်ခရမ်းသီးများ၏ ဈေးနှုန်းမှာ အလုံးအကြီးအသေးကိုလိုက်၍ အလုံးကြီးတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဖြစ်ပြီး မြစ်ခြေ၊ ကမ္မမြို့တို့မှ ထွက်ရှိသော ခရမ်းသီးဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၅၀၀)တို့ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)