Main menu

တိုက်ကြီးမြို့နယ်၊ မြို့မဈေးတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဆန်ရောင်းချရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် တိုက်ကြီးမြို့မဈေးတွင် ဈေးတာဝန်ခံနှင့်တာဝန်ရှိ ဝန်ထမ်းများပူးပေါင်းပါဝင်၍ (၈.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် ဈေးအတွင်းရှိ ဆန်ရောင်းချသောဆိုင်များသို့ ကွင်းဆင်းကာ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချစေရေး၊ ဆန်ဈေးကွက်စီးဆင်းမှုမှန်ကန်စေရေး၊ ရောင်းချသောဆန်အမျိုးအစားအလိုက် ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ချိတ်ဆွဲထားရှိစေရေး ကွင်းဆင်းခဲ့ပါသည်။ တိုက်ကြီးမြို့နယ်တွင် ဒေသထွက်ဆန်များဖြစ်သော မနောသုခ၊ ဆင်းသုခ၊ သုခရှယ်၊ ပခန်း တို့အား ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)