မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ၊ နေကြာ၊ ဝါ၊ စပါး၊ ပြောင်း စသည့်တို့ကို နှစ်စဉ် စိုက်ပျိုးလျက်ရှိ၍ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိသော ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် လိုအပ်သည့် သွင်းအားစု(ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး)များလည်း သုံးစွဲကြကြောင်း သိရသည်။
မကွေးမြို့၌ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်း ဓါတ်မြေဩဇာဈေးကွက်မှာ ဈေးနှုန်း အနည်ငယ်မြင့်တက်၍ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပြီး ကွန်ပေါင်းအုပ်စုများဖြစ်သည့် တက်တိုး မြေဩဇာတစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ အာမိုအပြာ(15:15:15)တစ်အိတ်လျှင် ကျပ်(၁၄၂၀၀၀)၊ MC (15:15:15) တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ပုလဲပန်းဘူး(ဖြူ) တစ်အိတ်လျှင် ကျပ်(၁၀၂၀၀၀)နှင့် ကောမတ် G 46% (ပုလဲ) တစ်အိတ်လျှင် ကျပ်(၁၀၂၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် ပရိုမက်တင် ၅၁.၈ EC (500cc) တစ်ဘူးလျှင် ကျပ် (၃၅၀၀၀)၊ ဆလက်ပက်(စ်) (500cc) တစ်ဘူးလျှင် ကျပ်(၃၇၀၀၀)၊ ဖို(စ်)တင်း EC (500cc) တစ်ဘူးလျှင် ကျပ်(၂၇၅၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်သည် သီးနှံထွက် ပေါ်ချိန်ဖြစ်သောကြောင့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အတက်အကျမရှိဘဲတည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။
DOCA(မကွေး)