Main menu

မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၉၈၅၀၀)၊ ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲလွန်းဝါ(ကျွန်း) (၁)တင်းလျှင် ကျပ်(၅၅၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၉၄၀၀၀)၊ ပဲစဉ်းငုံ(နီ) ကျပ်(၁၂၅၀၀၀)၊ စားတော်ပဲ ကျပ်(၁၄၆၀၀၀)၊ မတ်ပဲ ကျပ်(၁၁၇၀၀၀)၊  မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ မြေပဲလုံးဆံ(ဖြူ) (၁)ပိဿာလျှင် ကျပ်(၈၆၀၀)၊ မြေပဲ(အောက်ကျဆီဆံ)(၁)ပိဿာလျှင် ကျပ်(၇၅၀၀) တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး နိုဝင် ဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင်  မြေပဲ(အောက်ကျဆီဆံ) ကျပ်(၂၀၀)ဈေးနှုန်း မြင့်တက်ခဲ့ပြီး ပဲလွန်းဝါ(ကျွန်း) ကျပ်(၅၀၀၀)၊ မြေပဲလုံးဆံ(နီ) ကျပ်(၃၀၀)၊ မြေပဲလုံးဆံ(ဖြူ) ကျပ်(၄၀၀)၊ ပဲတီစိမ်း ကျပ်(၈၀၀၀)၊ ပဲနောက် ကျပ်(၁၀၀၀) ဈေးနှုန်းလျော့ကျခဲ့ကြောင်း၊ တင်ပို့မှု အနေဖြင့် တစ်ပတ်အတွင်း ရန်ကုန်မြို့သို့ ကုလားပဲ အိတ်(၇၀၀)၊ ပဲတီစိမ်းအိတ်(၁၂၀၀)၊ မြေပဲအိတ်(၃၀၀)၊ မန္တလေးမြို့သို့ မြေပဲအိတ်(၃၀၀၀)၊  စုစုပေါင်းအိတ်ရေ (၅၂၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၂၅၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)