Main menu

တောင်ငူမြို့တွင် အာလူးဈေးတက်

Powered by Drupal

      တောင်ငူမြို့သို့ ရှမ်းပြည်နယ် တောင်ကြီးဒေသမှ အာလူးအများဆုံးဝင်ရောက်လျက်ရှိရာ ယခင်နိုဝင်ဘာလက  အာလူးတစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်နှင့် အကြီး ၈၀၀၀ ကျပ် ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၆၄၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်နှင့် အကြီး ၁၀၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။

   အာလူးကို နေအိမ်များတွင် ချက်စားခြင်း၊ စားသောက်ဆိုင်များတွင် ကြက်သား၊ ဝက်သား၊ ဆိတ်သားများဖြင့်ရောချက်၍ ရောင်းချခြင်း၊ ကလေးများအတွက် သရေစာလုပ်ပေးခြင်းဖြင့် စားသုံးကြပါသည်။ ထို့အတူ တောင်ငူဒေသအတွင်း သံလွင်အာလူးကြော်လုပ်ငန်း၊ ရွှေမြှားစားသောက်ကုန်လုပ်ငန်းများမှ အာလူးကြော်များ ထုတ်လုပ်ရောင်းချလျက်ရှိသဖြင့် ရောင်းအားကောင်းကြောင်း တောင်ငူမြို့ရှိ အာလူးပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)