Main menu

“ သန်လျင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဒီဇင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် အမှတ်- ၃၄/၃၆/ ၃၇ ၊ ရုံ-၁ မြို့မဈေးကြီးရှိ ဒေါ်ခင်လေးဆန်ဆိုင်၊ အဆောင်(၂)၊ ဆိုင်အမှတ်-၂၁/၂၂/၂၃၊ မြို့မဈေးရှိ ကျော်/ပိုဆန်ဆိုင်၊ A-1၊ ပွဲရုံလမ်း၊ အနောက်ဘက်ထိပ်၊ မြို့မဈေးကြီးရှိ ထိပ်တန်းဆန်ဆိုင်များတွင် ဆန်ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ယခုအချိန်သည် မိုးစပါးများစတင်ရိတ်သိမ်းခြွေလှေ့ပြီး ဆန်သစ်များစတင်ပေါ်လာနေပြီဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးများကိုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ လစဉ်ထုတ်ပေးလျက်ရှိရာ မိမိတို့အနေဖြင့်လည်း သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ပြီး ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)