Main menu

အီသီယိုးပီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ကော်ဖီပိုမိုတင်ပို့နိုင်ရန်အတွက်မျှော်မှန်းထား

Powered by Drupal

            တရုတ်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံ၏ ထိပ်တန်းကော်ဖီတင်ပို့သောနိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ်လာသောကြောင့် တရုတ်နိုင်ငံ၏ လျှင်မြန်စွာတိုးတက်နေသော ကော်ဖီစျေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် အီသီယိုးပီးယားနိုင်ငံမှ စိတ်ဝင်စားလျက်ရှိကြောင်း အီသီယိုးပီးယားအစိုးရမှ ပြောကြားခဲ့သည်။ Ethiopian Coffee and Tea Authority (ECTA) မှ တာဝန်ရှိသူများက အရှေ့အာဖရိကနိုင်ငံမှ ကော်ဖီကိုစိတ်ဝင်စားကြသော တရုတ်စီးပွားရေး ကိုယ်စားလှယ်များနှင့်ဆွေးနွေးစဥ်အတွင်း ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ECTA မှ ၉.၁၂.၂၀၂၄ ရက်နေ့တွင်ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြခဲသည်။ ဆွေးနွေးမှုအတွင်း ECTA မှ တာဝန်ရှိသူများနှင့် အီသီယိုးပီးယားကော်ဖီတင်ပို့သူများက တရုတ်နိုင်ငံသည် အီသီယိုးပီးယားမှ‌ ကော်ဖီတင်ပို့‌ရောင်းချသူများအတွက် စျေးကွက်ကြီးထွားလာမှုနှင့် အရေးပါမှုကိုအလေးပေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် အီသီယိုးပီးယား၏ ထိပ်တန်းကော်ဖီတင်ပို့သော နိုင်ငံ ၁၀ နိုင်ငံတွင် အပါအဝင်ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီ နှစ်များအတွင်း အီသီယိုးပီးယားကော်ဖီများအား တရုတ်နိုင်ငံအတွင်းသို့ တင်ပို့မှုမြှင့်တင်လိုက်ပြီးနောက် တရုတ်လူမျိုးများအကြား အီသီယိုးပီးယားကော်ဖီ၏ လူကြိုက်များလာမှုသည် အီသီယိုးပီးယားကော်ဖီတင်ပို့မှု တိုးမြင့်လာစေရန်အတွက်တွန်းအားတစ်ခုဖြစ်လာစေခဲ့ကြောင်း တာဝန်ရှိသူများနှင့် ကော်ဖီတင်ပို့သူများ၏ ပြောကြားချက်အရသိရသည်။ အာဏာပိုင်များထံမှ မကြာသေးမီက အချက်အလက်များအရ လွန်ခဲ့သောသုံးနှစ်က အီသီယိုးပီးယားမှ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုပမာဏသည် နှစ်စဥ် ၂၇ ရာခိုင်နှုန်းပျမ်းမျှတိုးတက်ခဲ့ကြောင်းသိရသည်။ အီသီယိုးပီးယားနိုင်ငံသည် ၎င်း၏ ကော်ဖီထုတ်လုပ်မှုအတွက်လူသိများပြီး ၂၀၂၄ ဇူလိုင် ၇ ရက်နေ့ကကုန်ဆုံးခဲ့သော အီသီယိုးပီးယားနိုင်ငံ၏ ဘဏ္ဏာနှစ်အတွင်းကော်ဖီတင်ပို့မှုမှ အ‌မေရိကန် ဒေါ်လာ ၁.၄၃ ဘီလီယံ ရရှိခဲ့ပြီးအရှေ့အာဖရိကနိုင်ငံသည် လက်ရှိ ၂၀၂၄/၂၀၂၅ ဘဏ္ဏာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံတိုးမြင့်ရရှိနိုင်ရန် လည်းမျှော်မှန်းထားလျက်ရှိသည်။ အာရေဗျကာကော်ဖီ၏ မူလအစဟုသတ်မှတ်ထားသော အီသီယိုးပီးယားသည် အာဖရိကတိုက်တွင် ကုန်ပစ္စည်းအများဆုံး ထုတ်လုပ်တင်ပို့သောနိုင်ငံဖြစ်ပြီး ကော်ဖီထုတ်လုပ်မှုသည် နိုင်ငံ၏ စီးပွားရေးကျောရိုးအဖြစ်လည်း အသိအမှတ်ပြုထားကြသည်။ ၎င်းတို့၏ကော်ဖီသည် ဝိုင်မှ သစ်သီးနှင့် ချောကလက်အရသာအထိ များပြားလှသောအရည်အသွေးနှင့် အရသာတို့ကြောင့် လူသိများပြီး နိုင်ငံတကာမှဝယ်လိုအားမှာလည်း မြင့်မားကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)