ရုရှားနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ အသုံးစရိတ်ဝင်ငွေသည် ၂၀၂၄ ခုနှစ်၏ ၁၁ လအတွင်း တစ်နှစ်ထက်တစ်နှစ် ၂၅.၇ ရာခိုင်နှုန်းသို့တိုးလာကြောင်း ရုရှားနိုင်ငံ၏ ဘဏ္ဏာရေးဝန်ကြီးဌာနမှ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဝင်ငွေသည်ရူဘယ် ၁၀.၃၄ ထရီလီယံ (အမေရိကန်ဒေါလာ ၁၀၂.၈ ဘီလီယံခန့်) ရှိကြောင်းဝန်ကြီးဌာနမှ ပြောကြားခဲ့ပြီး ထိုသို့တိုးမြင့်လာမှုမှာ ရုရှားနိုင်ငံ၏ ရေနံစျေးနှုန်းများမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့အသုံးစရိတ်သည် ၎င်းတို့၏ လျှာထားချက်ထက်ကျော်လွန်နေပြီး လူမှုစီးပွားဖွံဖြိုးတိုးတက်မှု ခန့်မှန်းချက်တွင် ၎င်းကျော်လွန်မှုသည် နှစ်ကုန်အထိ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ မှတ်ချက်ပြုခဲ့သည်။ရုရှား၏ရေနံမဟုတ်သောသဘာဝဓာတ်ငွေ့ ဝင်ငွေမှာလည်း ယခုနှစ်၏ ၁၁ လတာကာလအတွင်း တစ်နှစ်ထက်တစ်နှစ် ၂၅.၈ ရာခိုင်နှုန်း ၂၂.၃၁ ထရီလီယံ ရူဘယ်သို့(အမေရိကန်ဒေါာလာ ၂၂၁.၈ ဘီလီယံ) ရောက်ရှိခဲ့ကြောင်း အစီအရင်ခံစာက ဖော်ပြခဲ့သည်။ ဘဏ္ဏာရေးဝန်ကြီးဌာနမှ အဆိုပါကာလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ခွန်မှဝင်ငွေသည် ဘတ်ဂျက်ဥပဒေတွင် ခန့်မှန်းထားသည်ထက် သိသိသာသာကျော်လွန်သွားသည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)