Main menu

နိုဝင်ဘာလ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ခရီးသည်တင်ကားရောင်းချမှုမြင့်တက်လာ

Powered by Drupal

             တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ခရီးသည်တင်ယာဥ်စျေးကွက်သည် နိုဝင်ဘာလတွင် အားကောင်းလာခဲ့ပြီး လက်လီရောင်းချမှုသည် အစီးရေ ၁.၂၇ သန်းနီးပါးအထိ‌ရောက်ရှိခဲ့ကြောင်း စက်မှုလုပ်ငန်းအသင်းမှ ၉.၁၂.၂၀၂၄ ရက်နေ့ကဖော်ပြချက်အရသိရသည်။ တရုတ်ခရီးသည်တင်ယာဥ်အသင်း(CPCA) ၏အဆိုအရ အဆိုပါကိန်းဂဏန်းသည် တစ်နှစ်ထက်တစ်နှစ် ၅၀.၅ ရာခိုင်နှုန်း တိုးတက်လာပြီး အောက်တိုဘာလကထက် ၅.၉ ရာခိုင်နှုန်းတက်လာခြင်းကို ပြသလျက်ရှိသည်။ နိုဝင်ဘာလတွင် စွမ်းအင်သုံးခရီးသည် ယာဥ်အသစ်များထုတ်လုပ်မှုသည်အစီးရေ ၁.၄၈ သန်းခန့်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၉.၃ ရာခိုင်နှုန်းတိုးလာပြီး ယခင်လကထက် ၇.၁ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ပြည်တွင်စျေးကွက်တွင်လူကြိုက်များမှုအတိုင်းအတာတစ်ခုဖြစ်သည့် စွမ်းအင်သစ်မော်တော်ယာဥ်များ၏ ထိုးဖောက်ဝင်ရောက်မှုနှုန်းသည် ပြီးခဲ့သည့်လတွင် ၅၂.၃ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ကြောင်း အချက်အလက်များအရသိရသည်။ ယခုနှစ် ပထမ ၁၁ လအတွင်း စွမ်းအင်သစ်လူစီးကားများစုစုပေါင်းလက်လီရောင်းချမှုပမာဏသည် အစီးရေ ၉.၅၉ သန်းရှိပြီး ယခင်နှစ်ကထက် ၄၁.၂ ရာခိုင်နှုန်းတိုးလာကြောင်း CPCA ၏အချက်အလက်များအရသိရသည်။ ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စုစုပေါင်းစွမ်းအင်သစ်ခရီးသည်တင်ယာဥ်တင်ပို့မှုမှာ အစီးရေ ၁.၁၇ သန်းခန့်ရှိပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဥ်ပါက ၂၄.၆ ရာခိုင်နှုန်းတိုးလာကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)