စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက် ကျော် (ဦးစီးမှူး)သည် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေတာရှည်မြို့ အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့်အတူ ကျောင်းသားကျောင်းသူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံသည် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် အွန်လိုင်းတွင်ဈေးဝယ်ယူခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကိုလည်းကောင်း၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းထက်နိုင်မှ မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ပါသည်။
ဟောပြောပွဲအပြီးတွင် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၅၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)