စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၅)ရပ် ကွက်ရှိ (သော်တာဝင်း) ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်အတွင်း ဆေးဝါးများပြတ်လတ်မှုရှိ/ မရှိ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ရွှေဘိုမြို့နယ်တာဝန်ခံက ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းကို တားမြစ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုသည့်အပြင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းများကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဆေးဝါးများပြတ်လတ်မှုရှိ/ မရှိ၊ ဆေးဝါးရောင်းချခွင့်လိုင်စင်သက်တမ်းရှိ/ မရှိ၊ သက်တမ်းလွန်သည့် ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)