ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့် ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် ဆောင်းရာသီတွင် မိမိတို့ဒေသထွက်ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဒေသတွင်းခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချရပါသည်။ ဒေသထွက်ခရမ်းချဉ်သီးမှာ အချိန်ကြာမြင့်စွာထားလျင် ပုတ်လွယ်ပြီး အထားမခံသည့်အတွက် အကြိုက်နည်းကြပေမဲ့ ဈေးနှုန်းအနေဖြင့် သက်သောသောကြောင့် ယခုအခါမှာတော့ ဒေသထွက်ခရမ်းချဉ်သီးများကိုသာ လှိုင်လှိုင်ဝယ်ယူရောင်းချလျက်ရှိကြောင်း ယခင်နိုဝင်ဘာလတွင် ခရမ်းချဉ်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၀၀၀/၁၀၀၀၀)ကျပ် ဈေးနှုန်ုးတို့ ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ယခု ဒီဇင်ဘာလဒုတိယအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် တစ်ပိဿာ လျှင်(၅၅၀၀/၆၅၀၀)ကျပ်ဖြစ်ပြီး (၂၅)ကျပ်သားလျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)