![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/306_4.jpg?itok=M7-FnclW)
ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ အဆုတ်၊ အူမကြီးကိုကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပြီးကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ နွေရာသီတွင်စားသုံးပေးလျှင် အထူးသင့်လျော်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကျောက်ဖရုံသီးကို အားနည်းတတ်သောသူ၊ ခေါင်းမူးတတ်သောသူ၊ ဖြူဖတ်ဖြူရော်ဖြစ်နေသောသူ၊ မျက်လုံးအမြင်ဝေဝါးခြင်း၊ ကျောက်ကပ်ရောဂါခံစားနေရသောသူများနှင့် ဆီးရောဂါခံစားနေရသောသူများ အထူးစားသုံးပေးသင့်ပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်အတွင်းရှိ အပူများကိုစုတ်ယူပေးသောကြောင့် လူတိုင်းစားသုံးပေးသင့်ပါသည်။ သွေးတိုးနှင့်ကျောက်ကပ် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
ကျောက်ဖရုံသီးကို မျိုးစေ့ဖြင့် စိုက်ပျိုးကြသည်။ ဒေသမျိုးတွင် အလုံးလတ်(၁-၂)ပေနှင့် အလုံးကြီးနှစ်ပေနှင့် အထက်အရှည်မျိုးဟူ၍ရှိသည်။ အလုံးလတ်မျိုးကို စီးပွားဖြစ်မြေလွှတ်စိုက်ပျိုးကြသည်။ အလုံးကြီးများကို အချို့ဒေသများတွင်စင်တင်၍ စိုက်ပျိုးကြသည်။ မျိုးအားလုံးသည် အပြင်ခွံတွင်ဖရောင်းပါဝင်မှုများ၍ အဖြူရောင်ပိုတောက်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီးများ နှင့်တဲများအပေါ်တွင်တင်၍ နှစ်ပတ်လည်စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ် မြေလွှတ်၍စိုက်ပျိုးကြသည်။ မိုးတွင်းတွင်စိုက်ပျိုးပြီး (၂)လကြာသောအခါတွင် ခူးစွတ်ကြရသည်။ ၁ချိုးလျှင် အလုံး(၁၂၀) (၂)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ကျောက်ဖရုံသီးသည် ခူးစွတ်ပြီး (၁)လအကြာထိထား၍ရပါသည်။ ကျောက်ဖရုံသီးကို မင်းလှမြို့မစျေးတွင် ၁လုံးလျှင် ၂၅၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျောက်ဖရုံသီးရောင်းချသူတစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။
DOCA(ပဲခူး)