Main menu

သာယာဝတီခရိုင်၏ မြက်တံမြက်စည်းလုပ်ငန်း

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြက်တံမြက်စည်းလုပ်ငန်းကို လုပ်သားအင်အား ကျား/ မ (၈)ဦးခန့်ဖြင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မရှိမဖြစ်အိမ်သုံးပစ္စည်းဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြက်တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်း မြက်ကို သာယာဝတီမြို့နယ် တောင်ညိုတောင်ပေါ်ကျေးရွာများမှရရှိပြီး မြက်(၂၀) ကျပ်သားခန့်ကို အလုံးလေးရှစ်လုံးခန့် လုံးရပါသည်။ ထို့နောက် ဆယ်ပင်ချည်ကြိုးဖြင့် ခိုင်ခန့်စွာတွဲ၍ ချည်နှောင်ကာ ၂၄ လက်မခန့် ဆယ်ပင်ချည်ကြိုးဖြင့်ပါတ်၍ ပြီးမှ လက်ကိုင်အစွပ်စွတ်ပါသည်။ တံမြက်စည်းကို မြက်သားကျွတ်မထွက်စေရန် ချုပ်သား(၃)ကြောင်း နိုင်လွန်ကြိုးဖြင့်ချည်နှောင်ကာ တံမြက်စည်းထိပ်သားများ ညီညာစေရန် ကပ်ကြေးဖြင့်ဖြတ်ရပါသည်။ ထို့နောက် ပလတ်စတစ်ဖြင့် မြက်သားစွပ်ပြီး တံဆိပ်ကပ်ရပြီး (၁၀)ချောင်းတစ်တွဲ တွဲရပါသည်။ ပီနံအိတ် တစ်အိတ်လျှင် (၁၀)ချောင်းစီတွဲထပ်ကာ ထုတ်ပိုး၍ ရောင်းချပါသည်။ တံမြက်စည်းများကို မြို့နယ်တွင်ရောင်းချပြီးရုံသာမက ရန်ကုန်မြို့သို့တင်ပို့လျက် ရန်ကုန်မြို့မှတဆင့် ပြည်ပနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ ကိုယ်စားလှယ်မှတဆင့် စာချုပ်ချုပ်ဆိုကာ တင်ပို့ရောင်းချ လျက်ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)